Please(ကျေးဇူးပြု၍)
သာလှ။ ။မင်္ဂလာပါ ကိုဖေမြ။
ဖေမြ။ ။မင်္ဂလာပါကိုသာလှ- ဟဲဟဲဟဲ-
သာလှ။ ။ဘာရယ်နေတာလဲဗျ။
ဖေမြ။ ။မသိဘူးလေ- ကျုပ်ကို မင်္ဂလာပါလိှု့ တစ်ခါမှနှုတ်မဆက်ဖူးတာ။
သာလှ။ ။အေးဗျာ- ဟုတ်တယ်နော်၊ မင်္ဂလာရှိတဲ့နေ့ရကတွေ ဖြတ်ကျော်နေကြရဲ့သားနဲ့၊
နှုတ်လေးနဲ့တောင် နှုတ်မဆက်ချင်ကြဘူး- ဆွံ့အနေကြတယ်ဗျာ။
ဖေမြ။ ။နီတိတွေ ပူးကပ်လာတယ်ထင်ပ။
သာလှ။ ။မဟုတ်ရပါဘူးဗျာ- ဒီနေ့မနက် အိပ်ယာကနေ ရုတ်တရက်နိုးထလာတဲ့
အကြောင်းကတော့ နားထဲပထမဆုံးကြားလိုက်ရတဲ့စကားကြောင့် ပဲ။
ဖေမြ။ ။အကြွေးတောင်းသံလား။
သာလှ။ ။“အဘ မုန့်ဖိုးမပေးရင် သမီး Sunday School မတက်ဖူး”
တဲ့။
ဖေမြ။ ။မဟာ့မဟာ ခြိမ်းခြောက်မှုကြီးပါလား။
သာလှ။ ။ကျုပ်လည်း ဒီခြိမ်းခြောက်မှုတွေကို စိတ်ညစ်တယ်ဗျာ။
အလုပ်ထဲမှာလည်း လူတွေက ကျုပ်ကိုမကြိုက်ကြဘူး၊ အထူးသဖြင့် ကျုပ်ကြည့်တာကိုမကြိုက်ဘူး။
ဖေမြ။ ။အထူးအဆန်းပါလား- ကြည့်တာလေးကိုမကြိုက်ဘူး ဟားဟားဟား
ဖြစ်မှဖြစ်ရလေ ကိုသာလှရယ်။
သာလှ။ ။နောက်မနေပါနဲ့ ကိုဖေမြရယ်။ ကျုပ်ကမျက်လုံးကြီးပြူးနေတာ
သိသိကြီးနဲ့၊ ကျုပ်ရဲ့ဥပဓိရုပ် ကိုက နုံခြာပါတယ်ဗျာ- ပြူးရတဲ့အထဲ မှုံကလည်းမှုံသေး၊
မိတ်ဆွေသင်္ဂဟနဲ့တွေ့လို့ မပြုံးပြပြန်ရင်လည်း အခြောက်တိုက်ဘ၀င်မြင့်နေတယ်လို့ ထင်ကြဦးမှာ။
ဖေမြ။ ။“စိတ်ငယ် ၀မ်းနည်း၊ လောကကြီးထဲမှာ၊ သီချင်းမဆိုနိုင်
သောခါ”---
သာလှ။ ။သီချင်းဆိုမနေပါနဲ့ဗျာ- ဒီမှာညစ်နေတဲ့အထဲ။
ဖေမြ။ ။ဒါက ဒီလိုရှိတယ် ကိုသာလှ။
သာလှ။ ။ဟိုကလည်း ဟိုလိုရှိနေပါတယ် ကိုဖေမြ။
ဖေမြ။ ။ဟေရုဒ်မင်းက ယေရှုခရစ်တော်ကို သတ်ရလောက်အောင် ဘာကြောင့်မုန်းလဲ။
သာလှ။ ။“မင်းလောင်းပေါ်ထွန်းမယ်” ဆိုတဲ့ ပရောဖက်တစ်ဦး
ဟောထားချက်လည်းရှိနေလေတော့ သူ့နေရာကိုလုမှာ စိုးလို့ပေါ့။
ဖေမြ။ ။ဘုရားရဲ့ အလုပ်ကို လုပ်နေတဲ့ ကျမ်းတတ်ဖါရိရှဲတွေ၊
ယာဇ်ပုရောဟိတ်တွေက ယေရှုခရစ်တော်ကိုသတ်ရလောက်အောင် ဘာကြောင့်မုန်းကြတာလဲ။
သာလှ။ ။ဘုရားအလုပ်ကို လုပ်နေကြတယ်ဆိုပေမယ့် သူတို့က ဘာသာရေးအင်ပါယာထူထောင်ထားကြတာလေ၊
ဆင်ဖြူတော်မှီခိုရင်း ကြံစုတ်နေကြတာထက်ဆိုးတဲ့ ကြံစုတ်ရင်း ဆင်ဖြူတော်ကိုမှီထားကြတာ၊
သိတယ်မဟုတ်လား အကြံတူရင် ဘုရားလည်း ရန်သူလို့ ယူဆခဲ့ကြမှာပေါ့။
ဖေမြ။ ။အဲဒီခေတ်တုန်းက ယေရှုခရစ်တော်နောက်ကို လိုက်ကြတဲ့လူတွေဟာ
ပေးတာယူ၊ ကျွေးတာာစား၊ တန်ခိုးတော်မျိုးစုံကို မြင်ရပါလျက်နဲ့ ယေရှုခရစ်တော်ကိုဘာကြောင့်စိတ်ပျက်ကြတာလဲ။
သာလှ။ ။သူတို့လိုအပ်နေတာက သူတို့လူမျိုးအတွက် ကယ်တင်ရှင်၊ရှင်ဘုရင်လေ၊
ရောမလက်အောက်ကနေ တွန်းလှန်ဖို့ တိုက်ဖို့ ခိုက်ဖို့ ခေါင်းဆောင် ရှင်ဘုရင်လိုအပ်နေတဲ့
အချိန်မှာ “ပါးတစ်ဖက်ကိုရိုက်လျှင်နောက်တစ်ဖက်ကိုပါလှည့်ပေးပါဦး”လို့ ဆိုတဲ့ မေတ္တာရဲ့သခင်
ဘုရားရှင်ယေရှုပေါ်လာတော့ စိတ်ပျက်ကြတာပေါ့ဗျာ။ အေးဗျာ လူတွေကလည်းနော် သူတို့ထင်သလိုမဖြစ်လာကြရင်
ဘုရားကိုတောင် မလိုကြတော့ဘူးနော်။
ဖေမြ။ ။ရောမဘုရင်ခံပိလတ်မင်းက ယေရှုခရစ်တော်မှာ အပြစ်မရှိပါပဲလျက်
ဘာကြောင့်သတ်မိန့်ချရတာလဲ။
သာလှ။ ။ရှင်းပါတယ်- သူကလည်း လူထုကို ကြောက်နေရတယ်မဟုတ်လား၊
သူကဘုရင်ခံလေ အထက်ကိုလည်းကြောက်ရ၊ အောက်ကိုလည်းကြောက်ရ၊ လက်ရှိဘ၀စည်းစိမ်ကိုလည်းမစွန့်လွတ်နိုင်၊
ယေရှုကိုလည်းသူမသိ၊ ဒီတော့ ဒါပဲလုပ်မှာပေါ့။
ဖေမြ။ ။အားလုံးက ကိုယ့်ဘ၀ ကိုယ့်အခြေအနေကို ကာကွယ်တတ်ကြတယ်။
ဒီလို ကာကွယ်ရင်းနဲ့ လာခြောက်ရင်လည်းကြောက်တတ်ကြတယ်၊ လာအခြောက်မခံရပြန်ရင် လည်း ကိုယ်ကသွားခြောက်တတ်ကြတယ်။
ဥပဒါန်လေးတွေကြောင့်တော့ ခက်ပါတယ်ဗျာ။
သာလှ။ ။ဟုတ်တယ်နော်- ဟေလသလူမရှိဘူး၊ ရှင်မာရိလူမရှိဘူး၊
လူမျိုးစွဲမရှိဘူး လို့ပြောပြီး ဇာတိချက်မြုပ်အင်းယားရှည်ရွာသားမဟုတ်တဲ့ ကိုဖေမြကျတော့တစ်မျိုး။
ဖေမြ။ ။ကျုပ်အိုနေပြီ- ကိုသာလှ။ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းအကြောင်းဟာ
ဘုရားရဲ့အလိုတော်ပါ။
သာလှ။ ။မသေသေးပါဘူးဗျာ- ကျေးဇူးတော်ကာလထဲမှာ အသက်ရှင်နေတုန်းပါဗျ။
ဖေမြ။ ။ကျုပ်ကို မခြောက်ပါနဲ့ ကိုသာလှရယ်၊ ကျုပ်ယေရှုခရစ်မျက်နှာတော်ကိုပဲ
ကြည့်နေပါရစေဗျာ- Please
God Bless You
Brother Aung