အေးဆေးဖြစ်သွားပြီ

အေးဆေးဖြစ်သွားပြီ
ဖေမြ  ။OGမမ ဒေါက်တာဒေါ်တင်တင်ညီ တစ်ယောက်ဆုံးသွားတာကြားရတော့ စိတ်မကောင်းဘူး ကိုသာလှရေ-
သာလှ  ။ဟုတ်တယ်ကျုပ်လည်း စိတ်မကောင်းပါဘူးဗျာ။
ဖေမြ  ။ကြားရတဲ့နေ့ကဆို ကျုပ်စိတ်ထဲစကားတောင် မပြောချင်တော့ဘူး၊ ငိုရမလိုဘာလိုလိုနဲ့ လူကိုနှစ်ခေါက်ကျိုးသွားသလိုပဲ။
သာလှ  ။ကျုပ်လည်း ဒီလိုပဲ OGမမ ရဲ့ လှုပ်ရှားမှုတွေ ရုပ်ရှင်ပြသလို မျက်စိထဲမြင်နေမိသဗျ။
ဖေမြ  ။ကျုပ်တို့ရွာရဲ့ အခမဲ့ဆေးပေးခန်းလေးတော့ အသက်ဆက်ရှင်သန်နေသေးတယ်နော်။
သာလှ  ။Founder တစ်ယောက်ဖြစ်တဲ့ OGမမ တော့ အိမ်ပြန်ပြီ။
ဖေမြ  ။“ငါကား သင်၏အတွက်ဖြစ်သည်၊ ငါ့တွက် သင်ဘာပြုနည်း။” ဆိုတဲ့ Hymn Book ထဲက သီချင်းကို သတိရတယ်ဗျာ။
သာလှ  ။OGမမ ပြုခဲ့တာတွေက ကျုပ်တို့အတွက် စံပြုလောက်တယ်နော် ကိုဖေမြ။
ဖေမြ  ။စင်္ကာပူ မှာ ဆေးသွားကုပြီး ပြန်လာတုန်းက ကျုပ်တို့ရွာ အလည်အပတ်ရောက်ခဲ့သေးသနော်။
သာလှ  ။ဟုတ်တယ်လေ။
ဖေမြ  ။ကျုပ်ကြည့်ရတာဖြင့် သူကတော့အေးဆေးပဲ၊ ကျုပ်ဆို နှစ်ခေါက်ကျိုးနေလောက်တယ်။
သာလှ  ။ဘုရားသခင် အပေါ်ထားတဲ့ သူ့ရဲ့ စိတ်ချနေမှုဟာ သူ့မျက်နှာပေါ်မှာ ပေါ်လွင်ပါတယ်ဗျာ။ အလုပ်ထဲမှာလည်း Operation လုပ်တော့မယ်ဆိုရင် ပထမဆုံးသူလုပ်တာက ဒူးထောက်ဆုတောင်းတယ်တဲ့။
ဖေမြ  ။“ဘုရားသခင်ကို ကိုးစားခြင်းသည် လူကိုကိုးစားခြင်းထက်သာ၍ ကောင်း၏။”
သာလှ  ။တစ်ခါက အသင်းတော်မှာ Inductive Bible Study ကျမ်းစာသင်တန်းလေးတစ်ခု လုပ်တယ်ဗျာ။
ဖေမြ  ။မှတ်မိနေသေးရဲ့။
သာလှ  ။အဲဒီမှာ ဆရာကမေးတယ်။
ဖေမြ  ။ဘာများလဲဗျာ။
သာလှ  ။“ခင်ဗျားတို့ အားလုံးထဲမှာ နံနက်စောစော အိပ်ယာထတာနဲ့ချက်ခြင်း ဘုရားကိုသတိရတဲ့သူ ဘယ်သူရှိသလဲ”တဲ့၊ ကျုပ်စိတ်ထဲ ထင်လိုက်တာကတော့ တစ်ယောက်မှရှိမှာမဟုတ်ဖူး လို့ပါ၊ ဒါပေမယ့် ကျုပ်အထင်နဲ့အမြင် လွဲခဲ့တယ်ဗျာ၊ OGမမ က ငေါက်ကနဲ ထရပ်ပြီး “ကျွန်မရှိပါတယ်” တဲ့၊ ကျုပ်ဖြင့်လေ အံ့သြသွားတယ်ဗျာ၊ ဒီကနေ့ထိ ကျုပ်စိတ်ထဲ စွဲမြဲနေခဲ့တယ်၊ အဲဒါကြောင့် ကျုပ်လည်း မနက်စောစော အိပ်ယာထတာနဲ့ ချက်ခြင်း ဘုရားသခင်ကိုသတိရတတ်တဲ့ အကျင့်လေး ပြုခဲ့သဗျာ၊ စံထားလောက်တဲ့ OGမမ ရဲ့ သူ မသိလိုက်တဲ့ လုပ်ဆောင်ချက်ပါပဲဗျာ။
ဖေမြ  ။“သူတစ်ပါးတို့သည် ငါတို့၏ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါတို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ ငါတို့၏အလင်းကို လင်းပါမည်ဟု ကတိထားကြ၏”။
သာလှ  ။အာမင်။
ဖေမြ  ။ အဆုံးတိုင်အောင်တည်ကြည်သော၊ သာဓုသစ္စာရှိသော ငယ်သားကောင်းတစ်ယောက်ဖြစ်တဲ့ OGမမ တစ်ယာက်တော့ အေးဆေးဖြစ်သွားပြီနော်။
သာလှ  ။ဟုတ်တယ်၊ သူ အေးဆေးဖြစ်သွားပြီ။

God Bless You
Brother Aung