ကျေးဇူးတော်သက်သက်

ကျေးဇူးတော်သက်သက်
သာလှ  ။ဗျိုးကဖေမြ- ဗျိုး- ဗျိုး-ကိုဖေမြ ။
ဖေမြ  ၊ကြားသဗျိုး၊ လာပြီဗျ လာပြီ။
သာလှ  ။ဗိုက်ဆာတယ်ဗျာ။
ဖေမြ  ။ကျုပ်လည်း အခုပဲ ခင်ဗျားကီုသွားခေါ်မလို့၊ ဒီမှာ စားကောင်းသောက်ဖွယ်တွေ စုံနေတာပဲ သူများလက်ဆောင်လာပေးထားတာလေ။
သာလှ  ။ဘာတွေစုံနေတာလဲဗျ။
ဖေမြ  ။နောက်မှပြော၊ စားမယ်ဗျာ၊ ဟောဒီမှာ ထမင်းပွဲချုပ်ဖွင့်လိုက်ပြီ။
သာလှ  ။အားပါး-စုံလှချည်လားဗျာ၊ ဘုရင့်ပွဲတော်အုပ်နဲ့မှ လာတိုးနေတာပဲ၊ ဟာလေလူးယာ။
ဖေမြ  ။အဲဒါက ပယ်လယ်မျှော့ပေါင်း ပြည်တွင်းဖြစ်၊  အဲဒါက ၀က်ပေါင်ကင် အမေရိကားကလာတာတဲ့ အတုနော် အစစ်မဟုတ်ဘူး၊ ဒါက၀က်သားလုံးချိုချဉ်ကြော် ဒါလည်းအတုပဲ၊  အဲဒါကအမဲခြောက် အဲဒါက၀က်သားခြောက် ဒါတွေလည်း အတုပဲ၊ ဒါက ငါးလုံးဟင်းချို ဒါလည်းအင်ပဲ၊ ထမင်းကတော့ ပြည်တွင်းဖြစ်အမှန်အကန် ဟဲဟဲ။
သာလှ။ ။အိုးဟိုး- မာယာများနဲ့ကခုန်တဲ့ ဆေးပေါင်းခတဲ့ည ပဲ။
ဖေမြ  ။ရွာထိပ်က ဘလှတင်ရဲ့သား အောင်လှတင်လေ ဗျာ အမေရိကားမှာ အလုပ်သွားလုပ်တာ အဲဒါလက်ဆောင်လာပေးတာ၊အဲဒါ ကျုပ်လည်းစားဖူးချင်နေတာနဲ့ အတော်ပဲ။ နိုင်ငံခြားက လူတွေက ကိုလက်စထရော တော်တော်ကြောက်ကြတယ်ဆိုပဲ။ စားဗျာစား။
သာလှ  ။စားနေပြီဗျ စားနေပြီ။ ဒါနဲ့ ကိုလက်စထရော ဆိုလို့ သူငယ်ချင်းတစ်ယောက်ပြောတာဖူးတာ သတိရတယ်။ အဆီတွေအဆိမ့်တွေစား၊ ၀က်သားတွေကြက်သားတွေစား အဲဒါတွေစားပြီးတဲ့နောက်  အဲဒီအဆီအဆိမ့်ရဲ့ အကြွေးတွေ တစ်နေ့ပြန်ဆပ်ရမယ်တဲ့။
ဖေမြ  ။အသာထားစမ်းပါဗျာ- ကျေးဇူးတော်ခံစားနေချိန်မှာ။
သာလှ  ။ပွဲတော်အုပ်စားပြီး အချိုတွေ အတိုးတွေ တက်လာမှာလည်း စိတ်ပူရသေး။
ဖေမြ  ။အို- ကိုသာလှကလည်း၊ “လူမှာအကျင့်၊ ၀မ်းမှာအချင့်”ပါဗျ။ ချင့်ချိန်ပြီးတော့သာစားပေါ့။ “သတိတမံ၊ ဥာဏ်မြေကတုတ်” ပါဗျာ။
သာလှ  ။စိတ်တော့ပူတယ်ဗျာ၊ သတိတော့ရှိတယ်၊ ဥာဏ်ကခပ်နည်းနည်း၊ ဆင်ခြင်တုံတရားကနတ္ထိ၊ ဒါပေမယ့် စားမယ်ဗျာ အကောင်းကြိုက်လို့။
ဖေမြ  ။ဘုရားကပြောတယ် ကျေးဇူးတော်နောက်မှာ ပူလှောင်ခြင်းနောင်တ ဆိုတာမရှိစေရဘူး တဲ့။
သာလှ  ။ဘင်လာဒင်ပြောတဲ့ သမိုင်းဝင်စကားကို သတိရတယ်ဟ- ကိုဖေမြရဲ့။
ဖေမြ  ။ဘာတဲ့လဲ။
သာလှ  ။လူတွေရဲ့သေခြင်းနဲ့ ရှင်ခြင်းကို ဘုရားသခင်ပိုင်တယ်တဲ့။
ဖေမြ  ။ယုံကြည်သူ သားသမီးအားလုံး သိပြီးသားပါကိုသာလှ၊ ထုတ်မပြောကြတာသာရှိတယ်၊ တစ်ကယ်ဆိုထုတ်ပြောကြသင့်တယ်။
သာလှ  ။ဒါပေါ့။
ဖေမြ  ။“စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်တာကို တစ်တောင်ခန့်မျှရှည်စေနိုင်သူမရှိပါဘူး” တဲ့ ဘုရားကပြောတာ။
သာလှ  ။စားလို့လည်းကောင်းလိုက်တာဗျာ၊ စားလည်းစား ပြောလည်းပြောလို့ပြီးပြီ ဒါနဲ့ ကိုဖေမြ ကျေးဇူးတော်မချီးမွမ်းရသေးပါလား။
ဖေမြ  ။အိုး ဟိုးဟိုး- ဟုတ်ပါရဲ့ မေ့လိုက်တာဗျာ၊ “ဘုရားသခင်ကျေးဇူးတင်ပါတယ်၊ ဘုရားသခင်ချပေးတော်မူတဲ့စားကောင်းသောက်ဖွယ်များကို မက်မောစွာ စားသုံးရင်းနဲ့ ကျေးဇူးတော်ချီးမွမ်းရန်မေ့လျော့ခဲ့သည့်အတွက် ခွင့်လွတ်တော်မူပါ၊ ယ္ခုလိုစားသောက်ခွင့်ပေးသည့် အတွက် ယေရှုဘုရား၏နာမ၌ ကျေးဇူးတော်ချီးမွမ်းပါတယ် အဘဘုရားသခင်- အာမင်”
သာလှ  ။ကိုသာလှတော့နော်။
ဖေမြ  ။အစားကောင်းစားရတော့ မိတ်ဆွေကောင်းကို သတိရပြီး ဘုရားတော့မေ့သွားတယ်ဗျာ။
သာလှ  ။နောက်လည်း ဆက်ဆက်သတိရနော်။
ဖေမြ  ။ကဲ ကဲ- ဘုရားကျွေးတာလည်းစားပြီးပြီ ဒါဆိုဘာဆက်လုပ်ရမလဲ။
သာလှ  ။ဘုရားခိုင်းတာလုပ်ရမယ်။
ဖေမြ  ။ဒါဆို ခင်ဗျားရဲ့ ကိုလက်စထရော အတွက်စိတ်ပူစရာ မလိုတော့ဘူး။

God Bless You
Brother Aung